၁၈၈၅ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့တွင် မြန်မာနှင့် အင်္ဂလိပ်တို့ စစ်မက်ဖြစ်ပွားခဲ့ကြသည်။ ၁၉ ရာစုတွင် မြန်မာနိုင်ငံနှင့် ဗြိတိသျှ အင်ပါယာတို့ ...

Home » »

 ၁၈၈၅ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့တွင် မြန်မာနှင့် အင်္ဂလိပ်တို့ စစ်မက်ဖြစ်ပွားခဲ့ကြသည်။ ၁၉ ရာစုတွင် မြန်မာနိုင်ငံနှင့် ဗြိတိသျှ အင်ပါယာတို့ စစ်မက်ကြီး ၃ ကြိမ်တိုင်တိုင်ဖြစ်ပွားခဲ့ကြသည်။

သီပေါမင်း၊ မိဖုရား စုဖုရားလတ်နှင့် မင်းသမီး စုဖုရားကြီး

သို့သော် မြန်မာတို့သည် အင်္ဂလိပ်တို့အား အဘယ်စစ်ပွဲတွင်မဆို လွယ်ကူစွာ အညံ့မခံခဲ့ကြချေ။ စစ်ပွဲသုံးကြိမ် ရှုံးနိမ့်ပြီးသောအခါ မြန်မာတို့သည် အခြေအနေ အရ သူ့ကျွန်ဖြစ်ခဲ့ရသည်။ သို့သော် "သူ့ကျွန်မခံလိုသောစိတ်" ကား မြန်မာတို့၏ ရင်ဝယ် အမြဲတမ်းကိန်းအောင်းလျက်ရှိသည်။ အခြေအနေကြောင့် တစ်ထစ်မျှ ကျဆင်းခဲ့ရသော ဘဝကို ဆယ်ထစ် ဆယ့်ငါးထစ်မျှ ရှေ့သို့ တိုးရန် သတ်မှတ်ထားကြ၏။ စိတ်ဝယ်တေးထားကြ၏။ စင်စစ် အားမတန် မာန်ချလိုရခြင်းဖြစ်သည်။ တော်လှန်ရန် စိတ်ဓာတ်ကား မြန်မာတို့ရင်ဝယ် တိုးလျက်ခုန်လျက် ရှိသည်။ မြောက်လျက် ကြွလျက်ရှိသည်။ "နေသေးသပ၊ ချုံထဲက" ဟု အားနှင့် မာန်နှင့် ငံ့လင့်လျက်ရှိကြသည်။မြန်မာတို့ စစ်ရှုံးရခြင်းကား၊ ခေတ်ကို အမှီမလိုက်နိုင်ခဲ့သော ချို့တဲ့မှုများကြောင့်သာလျှင် ဖြစ်သည်။

ဤစစ်ပွဲသည် ၁၉ ရာစုအတွင်း မြန်မာတို့အတွက် ဗြိတိသျှအင်ပါယာနှင့် နောက်ဆုံးစစ်ပွဲဖြစ်သည်။

0 comments:

Post a Comment

Facebook